ရေဒီယိုနားဆင်ရန်


သီချင်းတောင်းချပင်ါက dj@mmyos.com ကိုအပ်၍

Sunday, September 14, 2014

တုံ့မယူလို

တစ်ခါက သူဋ္ဌေးကြီးဦးဘောဂစံအိမ်မှာ အိမ်စေမလေးမသူဇာဟာအလုပ် တွေကိုမိုးလင်းကမိုးချုပ်မနားတမ်းလုပ်နေရတယ်။ဦးဘောဂဇနီးဒေါ်ကြီး စိုးကလည်း အိမ်စေမလေးကိုထမင်းမဝတဝ ကျွေးပြီးအလုပ်တွေကိုမနား တမ်းခိုင်းတာပေါ့။အလုပ်တွေမနားတမ်းခိုင်းတဲ့အပြင် မသူဇာလေးကို စကားအထက်ကတင်စီးပြီး ပြောသေးတယ်။“ကြွေပန်းကန်၊ဖန်ပန်းကန် တွေကိုဂရုတစိုက်ဆေးနော် အဲဒီပစ္စည်းတွေကညည်းထက် တန်ဖိုးကြီး တယ်” “ငါ့ထမီတွေကို ပြောင်အောင်လျှော်နော် အနံ့အသက်ကင်းမကင်း ထဘီတွေကိုနမ်းကြည့်ဦး”အဲသည်လို နှိမ်လွန်းတဲ့အပြင်ဦးဘောဂရဲ့တစ် ဦးတည်းသော သမီးခင်ပတ္တမြားကလည်း..“ငါ့အင်္ကျီထဘီအနီဝတ်ရင် ညည်းကလိုက်ပြီး အနီမဝတ်နဲ့သခင်နဲ့ကျွန် တစ်ရောင်ထဲ မဝတ်ရဘူး တုံ့မယူလို ကြားလား” “ငါအပြင်သွားမလို့ဖိနပ်တွေကို ပြောင်အောင်တိုက်ကြား လား”ဆိုပြီးသူ့အမေလိုပဲ မတူမတန်ပြောတော့မသူဇာမျက်ရည်ကြိတ်ကျ ပြီးမာန်တင်းသည်းခံရတာပေါ့။မသူဇာရဲ့အဖြစ်ကိုကြည့်ပြီးသနားနေတဲ့ လူကရှိတယ်။အဲဒါက ဦးဘောဂအိမ်ကိုဟင်းချက်စရာသားငါးလာပို့တဲ့ ဒေါ်မိုး..တစ်နေ့တော့...ဒေါ်မိုးဟာအဝတ်လျှော်နေတဲ့မသူဇာနားလာပြီး “မသူဇာရယ်..ညည်းဘဝကိုငါသနားတယ်ကွယ်။ဒေါ်ကြီးစိုးတို့သားအမိ ကသိပ်နှိမ်တာပဲ”ကျွန်မကုသိုလ်ကံအကျိုးပေးနည်းလို့ ဒေါ်မိုးရယ်” “ဒါပေမယ့်ညည်းလည်းအရင်ကသူဋ္ဌေးသမီးလေးပါ။တစ်ဦးတည်းသော သမီးလေးကွဲ့ညည်းအဖေကဦးဘောဂတို့ထက်ချမ်းသာတာပေါ့။“ဟုတ် လားအဖေနဲ့အမေဆုံးတော့ ကျွန်မငါးနှစ်သမီးဆိုတော့ မှတ်မိသလိုလို ဘာလိုလိုဒေါ်မိုးရယ်” “ဒေါ်မိုးကတော့သိတာပေါ့..သူဇာတို့မိဘတွေဆီ လင်မယားနှစ်ယောက်နဲ့ လူပျိုရွယ်အမျိုးသားတစ်ဦးတို့ ကတ္ထီပါခင်းကုလားထိုင်တွေပေါ်ထိုင်နေရင်းကမသူဇာကိုတွေ့တော့ သူဋ္ဌေးကတော်က..“ဒါ..သူဋ္ဌေးကြီးဦးစေတနာသမီးဆိုတာများလားမကြီးစိုးပြောဖူးတယ်သူ့အိမ်မှာအိမ်ဖော်ဖြစ်နေတယ်ဆိုတာ လေ” “ဟုတ်တယ်..အိမ်စေဖြစ်တော့ အရင်ကသူဋ္ဌေးသမီးဖြစ်ပေမယ့် မညှာဘူးခိုင်းရတာပဲ”အဲဒီအချိန်မှာ လူရွယ်လေးဟာ မသူဖာကိုစိုက်ကြည့်နေလို့ဒေါ်ကြီးစိုးက..“မိသူဇာအိမ်နောက်ဖေးသွားပြီးကြမ်းတိုက်စမ်း”ဆိုပြီးခိုင်းတော့မသူဇာအိမ်ခန်းထဲဝင် ရတာပေါ့။“မောင်ကြင်နာက နန်းတော်မှာနန်းတွင်းစာရင်းကိုင် ရာထူးရတယ်ဆို..မင်းပေါက်စိုးပေါက်ဖြစ်ပြီပေါ့...အိမ်ကိုလည်း မကြာခဏလာလည်ထမင်းစားပြီးမှပြန် သမီးနာမည်ကခင်ပတ္တမြားတဲ့ ခင်တတ်တယ်ကွဲ့။နောက်အပတ် အိမ်လာလည်ပါဦး” ဆိုတဲ့အသံတွေ မသူဇာမီးဖိုခန်းထဲကကြားရတာပေါ့။နောက်အပတ်တွေမှာ မောင်ကြင်နာဒေါ်ကြီးစိုးစံအိမ်ကို လာလည်ရင်းခင် ပတ္တမြားဟာအကောင်းဆုံးအဖိုးတန်ဆုံးအဝတ်စားတွေနဲ့လက်ဝတ်ရတနာတွေဆင်ပြီးဧည့်ခံကြိုဆိုထမင်းကျွေးတယ်..အဲဒီအခါ မောင်ကြင်နာဟာခင်ပတ္တမြားတည်ခင်းဧည့်ခံကျွေးမွေးတဲ့ ထမင်းကိုစားပြီး မီးဖိုခန်းထဲအချက်အပြုတ်တွေနဲ့ အလုပ်ရှုပ်နေတဲ့ မသူဇာလေးကို သနားကြင်နာနေတဲ့ မျက်လုံးနဲ့ခင်ပတ္တမြားအလစ်မှာလှမ်း လှမ်းကြည့်တယ်..မသူဇာကတော့ဘယ်သိပါ့မလဲ..တစ်နေ့...မောင်ကြင်နာ ဟာဒေါ်ကြီးစိုးဆီလာပြီး”ကျွန်တော်မသူဇာလေးကိုမေတ္တာသက်ဝင်နေပါ တယ်။လက်ထပ်ခွင့်ပြုပါ။မနက်ဖြန် ကျွန်တော့်မိဘတွေ ခေါ်လာတောင်း မယ်”ဆိုတော့..ဒေါ်ကြီးစိုး အံ့သြသွားတာပေါ့။သူက မင်းပေါက်စိုးပေါက် မောင်ကြင်နာကိုသူ့သမီးခင်ပတ္တမြားနဲ့ သဘောတူလို့အိမ်ဝင်ထွက်ခိုင်းတာ လေ။ခုလိုမောင်ကြင်နာက သူဇာ့ကိုလက်ထပ်ပါရစေတော့..ဒေါ်ကြီးစိုးဟာ မောင်ကြင်နာပြန်သွားတော့ခင်ပတ္တမြားကို“လူဟာတန်ရာတန်ရာယူတာပဲ ခုမောင်ကြင်နာဟာ သူဆင်းရဲသား..သူဋ္ဌေးကြီးဦးမေတ္တာကသနားလို့ကျွေး မွေးပညာသင်လို့ခုလိုဖြစ်တာပါ။သူ့လိုအိမ်စေပဲရှာယူတာပေါ့”လို့မောင်ကြင် နာကိုပြန်ကဲ့ရဲ့ပြီးနောက်နေ့မှာ မသူဇာကိုမောင်ကြင်နာနဲ့ သူ့မွေးစားမိဘ တွေလက်ထဲ ထည့်ပေးလိုက်တယ်။ဒီလိုနဲ့မသူဇာဟာ ချက်ချင်းနန်းတွင်း စာရင်းကိုင်ကတော်သူဋ္ဌေးချွေးမဖြစ်သွားတာပေါ့။မသူဇာဟာလိမ္မာမှုလည်း ရှိ...အချက်အပြုတ်အိမ်တွင်းမှုလည်းနိုင်တော့မောင်ကြင်နာရဲ့မိဘတွေက သဘောကျကြတာပေါ့။သုံးနှစ်ခန့်ကြာတဲ့အခါ... “မသူဇာရေ..ဒေါ်ကြီးစိုးတို့မိသားစုသနားပါတယ်ကွာ”မောင်ကြင်နာရဲ့စကား ကြောင့်မသူဇာအံ့သြသွားတယ်။“သူဋ္ဌေးကြီးကအငယ်အနှောင်းထားရင်းရွာမှာ ကာလသားရောဂါနဲ့ဆုံး၊ဒေါ်ကြီးစိုးက သူ့ယောကျာင်္းလုပ်ငန်းတွေ ဆက်လုပ် တာမလုပ်တတ်တော့ ကုန်တွေရှုံးတဲ့အပြင်ခင်ပတ္တမြားက လူလည်နဲ့တွေ့ပြီး ရွှေငွေတွေအားလုံးယူပြီး ခိုးရာလိုက်တာဟိုက ပစ်သွားလို့အမေ့ဆီကလေး တစ်ယောက်ပဲပါလာပြီးပြန်လာရတယ်တဲ့။ အိမ်ကြီးပဲ..ခုရှိတာမို့အဲဒါခုအပေါင် ဆုံးတော့မယ်။စိတ်မကောင်းစရာ..တို့သတင်းပေးပြီး ပိုက်ဆံထောက်ပံ့ရ အောင်”ထိုအခါမသူဇာက“ကောင်းတယ်...ကျွန်မကိုမတရားခိုင်း နှိမ်လွန်းလို့ ပြန်ဝဋ်ခံရတာ။ကျွန်မတို့သွားပြီး ပိုက်ဆံအနည်းငယ်ပေးလို့“အိမ်မှာအိမ်စေ လုပ်လိုကလိုက်ခဲ့ပါ”ဆိုပြီးပြောရတာပေါ့။လုပ်ရင်လည်းသူတို့ခိုင်းသလိုမသူဇာ ပြန်ခိုင်းပြမယ်။မသူဇာစကားကြောင့် မောင်ကြင်နာအံ့အားသင့်သွားပြီ “ဘယ်လိုပြောလိုက်တာလဲမသူဇာ..အဲဒီလိုစိတ်မွေးပြီးဂလဲ့စားချေကြလို့မသူဇာမိဘတွေဒေါ်ကြီးစိုးငြိုးပြီး မသူဇာဒဏ်ခံရတယ်။ခုမသူဇာ ကမကြီးစိုးကိုပြန်ဂလဲ့စားချေနဲ့သံသရာဆုံးတော့မှာမဟုတ်ဘူး။ဒီမှာကိုယ်ဟာအရင်ကဘာကောင်လဲသိလား” “မသိဘူးလေ” “မသူဇာ အိမ်မှာဗာဟီရလုပ်ဖို့ခိုင်းတဲ့ကောင်လေ မသူဖာကငယ်ငယ်လေးကိုယ့်ဇက်ကိုခွစီးပြီးတစ်နေကုန်ခြံထဲပတ်ပြေးခိုင်းပြီးမြင်းလုပ်စီးလွန်းလို့ ထွက်ပြေးလာရင်းဦးမေတ္တာကသနားလို့မွေးစားပညာသင်ယူပေးရာကခုလိုမင်းပေါက်စိုးပေါက်ဖြစ်လာတာ။ဒါပေမယ့်ကိုယ့်စိတ်ထဲမသူဇာ မြင်းလုပ်စီးတာငါပညာမတတ်လို့ သူဆင်းရဲသားသမီးဖြစ်လို့ငါတစ်နေ့ကျလူချမ်းသာစာတတ်ကြီးဖြစ်အောင် လုပ်မယ်ဆိုပြီးကြိုးစားခဲ့လို့ ခုလိုဖြစ်တာ။ဒီတော့ဘာပဲဖြစ်ဖြစ် မသူဇာမိဘတွေကြောင့်လို့အောက်မေ့ပြီး မသူဇာကိုတင့်တင့်တယ်တယ်ယူတာပေါ့။ ခုမသူဇာလည်း နောင်တရသင့်ပြီ” နောင်တရပါပြီကိုကြင်နာရယ်..မသူဇာဒေါ်ကြီးစိုးအိမ်မှာအိမ်စေလုပ်လို့ကြင်နာတတ်တဲ့ ကိုကြင်နာနဲ့ဆုံရတာကြံဖန် ကျေးဇူးတင်ရမယ်နော်။ကဲ...ခုပဲဒေါ်ကြီးစိုးအိမ်ကြီးပေါင်ထားတာ ရွေးပေးပြီးငွေငါးထောင်အရင်းအနှီးလုပ်စားဖို့ ပေးပြီးအားပေးစကား ပြောကြပါစို့နော်”ဒါမှငါ့မယားအလိမ္မာလေးမသူဇာ.....။ ကိုစိုးသိန်း ကော့သောင်း

Saturday, September 13, 2014

တုံ့ပြန်မေတ္တာ

တစ်ခါကဇေယျာခင်ဦးတိုင်းပြည်မျာရူပမာလာနှင့်ရူပစန္ဒာဟူသော ဘုရင့်သမီးတော်လေးနှစ်ပါးရှိသည်။အစ်မတော်ရူပမာလာဟာဘုရင့်သမီး ပီပီမာနကြီးတယ်။ရံရွေတော်တွေကိုလည်းမတူမတန်သလိုဆက်ဆံတယ်။ အခစားနောက်ကျတဲ့ရံရွေတော်တွေဆိုရှေ့တော်ခေါ်ပြီး..“ဘာလို့အခစား နောက်ကျရတာလဲခေါင်းမော့စမ်း”ဆိုပြီးနဖူးကို“ငါလက်နဲ့ခေါက်ရင် လက်နာတယ်။ဒီတော့လက်ကောက်တွေနဲ့ခေါက်မယ်”ဆိုပြီးလက်မှာ ဝတ်ထားတဲ့လက်ကောက်တွေနဲ့ရံရွေတော်နဖူးကိုခေါက်တယ်။ရံရွေတော် နဖူးလက်ကောက်ကရတနာစိန် ကျောက်အချွန်နဲ့ထိလို့သွေးစို့သွားတော့ လည်း“နင့်နဖူးသွေးစို့ကာအရေးမကြီးဘူး..စိန်လက်ကောက်နဲ့ခေါက်လို့ စိန်တစ်လုံးထွက်ကျသွားပြီး တွေ့အောင်ရှာကြစမ်းဆိုပြီးခိုင်းသေးတယ် နောက်ပြီးအခေါက်ခံရတဲ့ ရံရွှေတော်ကို“နင့်နဖူးအဖိုးမဖြတ်နိုင်တဲ့စိန် လက်ကောက်နဲ့ခေါက်တာမို့သွေးစို့သွားတာကိုဂုဏ်ယူလိုက်စမ်းပါ” ဆိုပြီးရင့်ရင့်သီးသီးပြောသေးတယ်။ဘုရင့်သမီးဆိုတဲ့အရှိန်အဝါကကြီး မားလွန်းတော့မပြောရဲကြဘူးပေါ့။ရံရွေတော်တိုင်းမှာရူပမာလာရင့်ရင့် သီးသီးပြောဆိုဆက်ဆံလို့စိတ်ထဲကိုယ်စီခံပြင်းတဲ့အညှိုးကလေးတွေနဲ့ ချည်းပဲပေါ့။ရူပစန္ဒာကတော့အစ်မတော်ရူပမာလာစိတ်နဲ့တစ်ခြားစီ...ူသူ့ထံခစားကြရတဲ့ရံရွေတော်တွေကိုကောင်းကောင်းမွန်မွန်ဆက်ဆံ တယ်။..အခစားနောက်ကျတဲ့ရံရွေတော်တွေကိုလည်း..“ဘာလို့ နောက်ကျတာလဲ” “အဘနေမကောင်းလို့ပါအတော်မသက်သာဘူး” “ဟုတ်လား..ဒါဆိုမနက်ဖြန်အခစားမလာနဲ့ဦးအို..ဒေါ်ရွှေစာရဲ့အဘနေ ကောင်းမှလာအပြန်ကိုထိပ်ထားလေးဆီကဆေးဖိုးအသပြာယူသွားဦး နော်ကြားလား”အစရှိသဖြင့်ကိုယ်ချင်းစာနာစိတ်ထားတယ်။ရံရွေတော်တွေကိုလည်းပျော်အောင်နေ့လည်နေ့ခင်းသီးချင်းဆိုဝါသနာ ပါတဲ့သူကိုသီးချင်းဆိုခိုင်း၊အတီးအမှုတ်ဝါသနာပါတဲ့လူကိုတီးမှုတ်ခိုင်း၊အကဝါသနာပါတဲ့လူကိုကခိုင်းပြီးသူကသလွန်ထက်ကနေလက် ခုပ်တီးအားပေးလို့ဆုတော်ငွေချီးမြှင့်သေးတော့သူ့ထံခစားရမယ့်ရံရွေတော်တွေဟာအလွန်ပျော်ကြတာပေါ့။ရူပမာလာမာနကြီးပြီးနှိမ့် ချဆက်ဆံတတ်သလိုရူပစန္ဒာသဘောကောင်းပြီးဖော်ရွေဆက်ဆံတတ်ပုံကိုဘုရင်ကြီးသိတော့..တစ်နေ့..ဘုရင်ကြီးဟာသူ့သမီးတော် နစ်ပါးကိုရှေ့တော်ခေါ်ပြီး“သမီးတော်တို့နန်းတော်တွင်းမှာနေရတာပျင်းရောပေါ့တစ်ခါတစ်လေပြင်ပတောတောင်သဘာဝပန်းပင် တွေကျေးငှက်တွေကြည့်ရအောင်မနက်ဖြန်အထိန်းတော်ဒေါ်မိုးနဲ့အတူရံရွေတော်တွေပါထည့်ပြီးတစ်ညတာအလည်လွှတ်မယ်။သမီး တော်တို့သွားချင်တဲ့ဆန္ဒရှိကြရဲ့ကလားကွယ်”သမီးတော်နှစ်ပါးပြင်ပခရီးထွက်ရမယ်ဆိုတော့ပျော်ကြပြီး... “သွားချင်ပါတယ်ဘုရာ့” “ဒါဆိုမနက်ဖြန်သွားကြ။ရွာကနေပြည်တော်နဲ့ လေးမိုင်ပဲဝေးတော့သမီးတော်တို့ ကျန်းမာရေးနဲ့လည်းညီညွတ်သာမန် လူတွေရဲ့ဘဝလည်းသိအောင် ဝေါမသုံးဘဲခြေလျင်သွားကြရမယ်နော်” ”ဟုတ်ကဲ့ပါဘုရာ့”သမီးတော်နှစ်ပါးဝမ်းသာစွာ လျှောက်တင်ရင်းနောက် နေ့သမီးတော်နှစ်ပါးဟာ အထိန်းတော်ဒေါ်မိုး၊ရံရွေတော်ကိုယ်စီနဲ့ဒေါ်မိုး ရံရွေတော်ကိုယ်စီနဲ့ ဒေါ်မိုးဇာတိ သံဘိုရွာကလေးကို ခြေလျင်သွားကြ တယ်။လမ်းတစ်လျှောက်ပွင့်နေတဲ့တောပန်းလေးတွေကျေးငှက်ကလေး တွေတောတောင်နဲ့ စမ်းချောင်းလေးတွေကိုကြည့်ပြီး သမီးတော်ငယ် ရူပစန္ဒာဟာ ရံရွေတော်တွေနဲ့သီးချင်း တကြော်ကြော်ဆိုလိုက်ပန်းတွေ ခူးလိုက်၊စိန်ပြေးတမ်းကစားလိုက်နဲ့ ခြေလျင်ခရီးဆက်ပေမယ့်...သမီး တော်ကြီးရူပမာလာဟာ ရံရွေတော်ကို“ဟဲ့ ဒီလိုတောလမ်းခရီးလမ်း လျှောက်ရတာငါ့ခြေဖဝါးတော်နုနုသွေးခြေတွေ ဥသွားလို့ငါ့ကိုထမ်းပြီး ခေါ်ကြစမ်း ဖမည်းတော်ကလည်းသမီးတော်တွေ ခြေဖဝါးမနာအောင်”ဝေါ”မစီစဉ်ပေးဘူးတစ်မျိုးပဲ”ရူပမာလာစကားကြောင့် ရံရွေတော်တွေထဲမှဗလကောင်းသောမရွှေစာရူပမာလာကိုထမ်းကာခရီးဆက်ရ၏။ထိုစဉ်လူပြတ်လှသော တောင်ကြောလမ်း ကြားလေးတစ်ခုအရောက်တောင်ပေါ်မှလူတစ်ယောက်ခုန်ဆင်းလာကာ“ဟိတ်အားလုံးရပ်ကြ”တောလမ်းခရီးလာကြသူမှာ အားလုံးမိန်းမသားများဖြစ်၍ထိုသူကိုကြောက်လန့်စွာကြည့်နေကြ၏။ထိုသူမှာမျက်နှာကိုအိုးမဲသုတ်လျက်နှုတ်ခမ်းမွှေးထူထူ မျက်မှောင်ကိုကုပ်ထားကာ“ငါဟာဒီရွာနားတစ်ဝိုက်ဓါးပြတိုက်ခဲ့တဲ့ဓါးပြပေသီး”ဓါးပြဆို၍ ဘုရင့်သမီးတော်နှစ်ပါးနှင့်နန်းတွင်း သူတို့ပိုကြောက်လန့်သွားကြစဉ်...“ခု..နေပြည်တော်ကဘုရင့်သမီးတော်နှစ်ပါးနဲ့ရံရွေတော်တွေ သံဘိုရွာလာလည်တယ်ကြား လို့ ဒီကစောင့်နေတာဒဘယ်မှာလည်းဘုရင့်သမီးတော်တွေ လက်ဝက်ရတနာတွေယူမလို့”ထိုစဉ်အထိန်းတော် ဒေါ်မိုးကရံရွေ တော်များကြားမှသမီးတော်ငယ်ရူပစန္ဒာကိုဓါးပြကြီးမမြင်အောင်အသာခေါ်ပြီးသစ်ပင်ကြီးတစ်ခုနားတွင်ဖွက်ထားကာရံရွေ တော်မရွှေစာထမ်းလာသောရူပမာလာကို လက်ညှိုးထိုးပြီး...“ဒီမှာသမီးတော်ကြီးရူပမာလာပဲပါလာပါတယ်..သမီးတော်ငယ်က နေမကောင်းလို့မပါလာပါဘူး။သူ့ဆီကလက်ဝတ်ရတနာတွေ ချွတ်ယူပါ“ဒေါ်မိုးပြာပြာသလဲပြောဆို၍ဓါးပြကြီးကရူပမာလာ ၏လက်ဝတ်ရတနာများကိုချွတ်ယူကာ...“ဒါဆိုဒီသမီးတော် ကိုတောထဲခေါ်သွားပါ”ဟုရံရွေတော်များတောင်းပန်အသနား ခံခြင်းပင်မရှိဘဲကြည်ကြည်ဖြူဖြူထည့်ပေးကြ၏။ ဓါးပြကြီမှာ ရူပမာလာကိုကြိုးတုပ်ကာ ရံရွေတော်များရှေ့ရိုက်နှက်ပြီး တောထဲခေါ်သွားစဉ်ရံရွေတော်များမှာ ရူပမာလာကိုမသနား ကြဘဲပြုံးရယ်၍ပင်ကြည့်နေကြ၏။တောတန်းတောင်ကြော တစ်ခုသို့ရောက်သော် ဓါးပြကြီးကရူပမာကို“ဒီမှာကြည့်စမ်း” ”ဟယ်..ခမည်းတော်”ဓါးပြကြီးမှာမျက်နှာမှအိုးမဲ...နှုတ်ခမ်း မွှေးထူထူအတုကြီးကိုချွတ်ပြ၍ရူပမာလာမှာသူ့ခမည်းတော် ဓါးပြဟန်ဆောင်မှန်းသိကာဝမ်းသာအားရပြေးဖက်လိုက်၏။ “ကဲတွေ့လားသမီးတော်ကြီးသမီးတော်ကြီးက ကိုယ့်လက် အောက်ငယ်သားရံရွေတော်တွေကို မတူမတန်ဆက်ဆံ သမီးတော်ငယ်ကကောင်းကောင်းမွန်မွန်ဆက်ဆံတော့ခုလိုအရေးကြုံလာတဲ့အခါသူတို့အပေါ်စိတ်ထားကောင်းတဲ့သမီးတော်ငယ်ကိုဖွက် တောင်ပေးကြ၊ညာပြောပေးကြပြီးသူတို့အပေါ်စိတ်ထားမကောင်းတဲ့သမီးတော်ကိုဖခမည်းတော်ဓါးပြအဖြစ်နဲ့ရိုက်ပြတာ ရယ်တောင်နေ ကြသေးတယ်။ဒီတော့အရေးကြုံရင်ကိုယ့်ကိုကူညီအောင် တုံ့ပြန်မေတ္တာထားအောင် ငါ့သမီးတော်ကြီးနေပြည်တော်ရောက်ရင် သူတို့ကို ချိုချိုသာသာ ကောင်းကောင်းမွန်မွန် ဆက်ဆံပါကွယ်” သမီးတော်နောင်တရပါပြီ ခမည်းတော်”ထိုအခါမှစ၍ ရူပမာလာဟာ ညီမတော် ရူပစန္ဒီကဲ့သို့ နန်းတွင်းသူရံရွေတော်တွေကို ကောင်းမွန်စွာဆက်ဆံတော့သတဲ့ကွယ်...။

Friday, September 12, 2014

ခရီးဖော်

တစ်ခါကဖိုးရွှေနဲ့၊ဖိုးငွေဆိုတဲ့သူငယ်ချင်းနှစ်ဦးရှိကြတယ်။သူတို့ဟာကုန် သည်တွေဆိုတော့အောက်ပြည်လာရွာတကာလည်ပြီးအညာကုန်တွေကို ရောင်းချကြတယ်။သူတို့အညာကုန်တွေ ရောင်းကုန်သွားတော့အောက် ပြည်အောက်ရွာကငါးခြောက်တွေဝယ်ပြီးအညာကိုခြေလျင်ခရီးနဲ့ရိုးမတွေ ဖြတ်တောင်တန်းတွေကျော်ရွာစဉ်တွေလျှောက်ပြီးပြန်ကြရတာပေါ့။အဲဒီ လိုနဲ့ပြန်ကြတဲ့အခါဖိုးငွေဟာဖိုးရွှေကိုတစ်လမ်းလုံးကြည့်မရအောင်ဖြစ် နေတယ်။ဖိုးရွှေဟာဖိုးငွေထက် ဝ တော့အစားလည်းကြီးတယ်။လမ်းမှာ စားစရာဖြည့်စားရင်ဖိုးရွှေကဖိုးငွေထက်နှစ်ဆပိုစားတော့ဖိုးငွေမကျေမ နပ်ဖြစ်တာပေါ့။“စားစရာစားနပ်ရိက္ခာထုပ်ကိုနှစ်ယောက်အညီအမျှအကုန် ခံထည့်ထားပြီးသူကငါ့ထက်ပိုစားတော့ငါနာတာပေါ့”..ညအခါတောလမ်း ခရီးဖော် ခရီးမို့သစ်ပင်ထက်အိပ်ရင်လည်းဖိုးရွှေကအပူအပင်ကင်းစွာဟောက် အိပ်တော့အအိပ်ဆတ်တဲ့ဖိုးငွေအခက်ကြုံရတာပေါ့။အိပ်ရေးပျက်တာ ပေါ့။မနက်ကျတော့ဖိုးရွှေကအစာကြီးနှိုးပြီ။“ဖိုးငွေထ ထ နေမြင့်အောင် မအိပ်နဲ့လေ....မိုးမလင်းခင်ခရီးဆက်တော့နေပူမမိလို့ခရီးတွင်တာပေါ့ ထခရီးဆက်မယ်”ဆိုပြီးခရီးဆက်တော့ဖိုးငွေဟာအိပ်ချင်မူးတူးနဲ့လိုက် ရတာပေါ့။နေ့ခင်းသစ်ပင်ရိပ်ကောင်းကောင်းမှာတမှေးအိပ်မယ်လုပ် တော့ဖိုးရွှေကအသံပြဲကြီးနဲ့ သီချင်းတွေအော်ဆိုနေတော့ ဖိုးငွေမှာ ကောင်းကောင်းမအိပ်ရဘူး။အဲဒီအခါဖိုးငွေစိတ်ထဲ“ဒီကောင်နဲ့ပေါင်းမိ တာငါမှားတာပဲ။သူကသိုင်းပညာတတ်တော့ရွာစဉ်လှည့်ကုန်ကူးလို့ ဓါးပြတွေလုယက်သူတွေတွေ့ရင်ခုခံကာကွယ်နိုင်မယ်လူနဲ့ဖြစ်မယ်။ငါက သိုင်းမတတ်လို့သူနဲ့အဖော်လုပ်မှအအိပ်ပျက်တဲ့အပြင်ရိက္ခာလည်းပိုကုန် လာတယ်..“ငါဘယ်မှာအိပ်ရပါ့...အစကနှစ်ယောက်ဆိုတော့ဘယ်မှာ အိပ်အိပ်အိပ်ရဲတယ်..ခုလိုလူပြတ်ရင်ငါ့ဘေးနားမှာသူ သီးချင်းတကြော်ကြော်အော်ဆိုတာ ကြည့်ပြီးအားရှိတယ်...ခုတစ်ယောက်တည်းဆိုတော့ အားငယ်လိုက်တာ မတော်ဓားပြတွေ လုယက်သူတွေနဲ့တိုးရင်ဒုက္ခ”လို့တွေးကြောက်နေတုန်းသူ့တောင်ကြားတစ်ခုမှလူသုံးယောက်မျက်နှာကိုအဝတ်စည်းပြီးထွက် လာကြတယ်။သူတို့လက်ထဲမှာဓါးကိုယ်စီပါလာတော့...“ဟာ..ဓါးပြတွေပဲ”ဖိုးငွေပါးစပ်မှယောင်အထွက်ထိုသူများက“ဟုတ်တယ် တို့ဓါးပြတွေပဲပါတာအကုန်ပေးစမ်း”ဖိုးငွေမှာထိုအခါမှ“သိုင်းတတ်တဲ့သူ့သူငယ်ချင်းဖိုးရွှေသာအနားမှာရှိရင်သိပ်ကောင်းမှာပဲ ဒီကောင်ကရွာမှာလူငါးယောက်နဲ့တစ်ယောက်စိန်ခေါ်ပြီးသိုင်းပြိုင်တာသူပဲနိုင်တာ...ခုသူမရှိတော့ဒုက္ခ”ဆိုပြီးနောင်တရနေစဉ် “ဟိတ်”ကြီးမားတဲ့သစ်ပင်ပေါ်မှလူတစ်ယောက်ခုန်ဆင်းလာပြီးထိုသူသုံးယောက်ကိုလျှပ်တစ်ပြတ်တွင်းလှပသောသိုင်းကွက် များနဲ့ခုခံတိုက်ခိုက်လို့ဓါးပြသုံးဦးဒဏ်ရာအသီးသီးရကာသူတို့ဓါးများကိုပင်မကောက်နိုင်တော့ဘဲတောင်ကြားတွင်းသို့ထွက်ပြေး သွားတော့တယ်။ ထိုအခါမှလူစိမ်းမျက်နှာကို မျက်စိမှိတ်ပြီးကြောက်နေတဲ့ ဖိုးငွေမျက်စေ့ဖွင့်ကြည့်ရာ“ဟာ..ဖိုးရွှေပါလားမင်း ဘယ်လိုလုပ်ပြီး ဒီဘက်ကမ်းကိုကူးလာနိုင်တာလဲကွာ” “ငါ..မင်းမကူးလို့စိတ်ပျက်နေတုန်းကြီးမားတဲ့ သစ်တုံးကြီးတစ်ခုက ချောင်းကမ်းပါးနားကနေတောင်ပေါ်ရေနဲ့မျောလာတာတွေ့လို့ခုန်တက်ပြီးသစ်တုံးကြီးကိုဖက်ရေစီးကြောင်းအတိုင်းလိုက်လာ တာအဲဒီဘက်ကမ်းကိုသစ်တုံးမျောပြီးအတင်အသာတက်ပြီး..မင်းကတော့ခြေလျင်လာရတာငါကသန်တဲ့ရေစီးနဲ့သစ်တုံးပေါ် ကဆိုတော့မင်းအရင်ရောက်ပြီးမင်းကိုဒီနားကသစ်ပင်ကြီးပေါ်မှာတက်စောင့်မယ်ဆိုပြီးမင်းကိုဒီနားကသစ်ပင်ကြီးပေါ်မှာတက် စောင့်မယ်ဆိုပြီးစောင့်နေတာခုလိုမင်းကိုဓါးပြတိုက်တာတွေ့တောသစ်ပင်ပေါ်ကခုန်ဆင်းပြီးသိုင်းပညာနဲ့ကယ်လိုက်ရတာပဲ ကွ“ဝမ်းသာလိုက်တာသူုငယ်ချင်းရယ်..ငါကမင်းကိုရက်ရက်စက်စက်ထားခဲ့ပေမယ့်မင်းကငါ့ကိုမထားရက်ဘဲခုလိုကယ်လိုက် တာတစ်သက်ကျေးဇူးမမေ့ပါဘူးကွာ ငါနောင်တတွေရပါပြီ။“ခရီးသွားဆိုတာတစ်ယောက်ကိုတစ်ယောက်နားလည်ခွင့်လွှတ် လို့..တစ်ယောက်အခက်ခဲတစ်ယောက်ကကူညီဖြေရှင်းရတယ်ကွ....မင်းနောင်တရတယ်ဆိုလို့ငါဝမ်းသာတယ်..ကဲခရီးဆက် ကြစို့”ထိုအခါမှဖိုးရွှေနှင့်ဖိုးငွေလမ်းတစ်လျှောက်တစ်ယောက်အခက်အခဲတစ်ယောက်ကူညီဖြေရှင်းကာခွင့်လွှတ်ခြင်း၊သည်းခံ ခြင်းဖြင့်ရွာသို့ ကောင်းမွန်စွာပြန်လည်ရောက်ရှိကြတော့တယ်..။ ကိုစိုးသိန်း ကော့သောင်း

Saturday, September 6, 2014

မုဆိုးနဲ့ဘီလူးကြီး

တစ်ခါကဘောဂရွှေပြည်တိုင်းပြည်မှာ“ရူပနန္ဒီ”ဆိုတဲ့ဘုရင့်သမီးတော် လေးတစ်ပါးရှိတယ်။တစ်နေ့...သူဟာရံရွှေတော်တွေနဲ့တောထဲပန်းခူး ထွက်ကြတာပေါ့။ဘုရင့်သမီးတော်လေးကလည်းအမြဲလိုလိုရွှေနန်းတော် ထဲမှာနေရလို့တောတွေတောင်တွေရေတံခွန်တွေလှပတဲ့ပန်းမျိုးစုံတွေ ကျေးငှက်သာရကာတွေမြင်ရတော့အပျော်လွန်ပြီးရံရွေတော်တွေနဲ့စိန် ပြေးတမ်းကစားလိုက်ပန်းခူးလိုက်နဲ့တော်နက်ထဲကို မသိမသာရောက် သွားတယ်။အဲဒီအချိန်ကြီးမားတဲ့သစ်ပင်ကြီးတစ်ပင်ထက်မှာဘီလူးကြီး တစ်ကောင်ဟာမင်းသမီးလေးကိုမြင်တော့လူသားစားဘီလူးပီပီစားချင် ပြီးအလစ်ချောင်းနေတာပေါ့။ဘုရင့်သမီးလေးဟာရံရွေတော်တွေနဲ့စိမ် ပြေးတမ်းကစားရင်းမောလာလို့ဘီလူးကြီးချောင်းနေတဲ့သစ်ပင်ကြီးနား မုဆိုးနှင့်ဘီလူးကြီ်း အမောလာအဖြေ..ဘီလူးကြီးဟာအလျင်အမြန်ရူပနန္ဒီလေးကိုပွေ့ချီပြီး သစ်ပင်ပေါ်တက်နွယ်ကြိုးတွေ လွှဲခိုစီးပြီးတစ်ပင်ပေါ်တစ်ပင်ကူးပြေး လိုက်တာရူပနန္ဒီရဲ့“ကယ်ကြပါ..ကယ်ကြပါ”ဆိုတဲ့အသံဟာတစ်တော လုံးဆူညံသွးတော့တယ်။ဘုရင်ကြီးလွှတ်ထားတဲ့လေးသည်တော်တွေ ဟာဘုရင့်သမီးတော်ကိုကယ်ဖို့ အလျင်အမြန်လိုက်ရှာပေမယ့်“ကယ် ကြပါ...ကယ်ကြပါ”ဆိုတဲ့ဘုရင့်သမီးတော်လေးရဲ့အသံဟာတဖြည်းဖြည်း ပျောက်ကွယ်သွားပြီးဘီလူးကြီးနဲ့ရူပနန္ဒီကိုလုံးဝရှာမတွေ့ကြတော့ဘူး။ လေးသည်တော်တွေတောနက်ထဲသုံးရက်ပိုက်စိပ်တိုက်ရှာပေမယ့်တော ကျွမ်းလွန်းတဲ့ဘီလူးနဲ့ရူပနန္ဒီကိုလုံးဝမတွေ့တော့ဘုရင်ကြီးသောကဖြစ် ပြီးဒီတောဒီခွင်မှာအမဲလိုက်တောကျွမ်းတဲ့မုဆိုးကျော်ကြီးတွေကိုခေါ်ပြီး ဘီလူးကြီးကိုဖမ်းမိလျှင်ဆုတော်ငွေအသပြာသုံးသောင်း..သမီးတော် ဘီလူးကြီးဂူထဲအလာနဲ့တိုးပြီးဒုက္ခရောက်မှာမို့အစိမ်းလိုက်စားရတော့မုဆိုးကြီးတစ်ကိုယ်လုံးအသားညှီနံ့တွေဟောင်လို့ အသားတွေပဲအမြဲအစိမ်းလိုက်စားတော့တစ်လကြာတဲ့အခါဝဲတွေ၊ညှင်းတွေယားလို့ကုတ်ရင်း ဖဲ့ရင်းနဲ့မုဆိုးကြီးတစ်ကိုယ်လုံး မည်းတူးပြီးကုတ်ရာဖဲ့ရာသွေးစို့ရာတွေနဲ့ပေါ့။အဲဒီလိုယားနာလို့ကုတ်ဖဲ့ရ...ဘီလူးကြီးကိုလည်းမတွေ့ရလို့ကျိန်စာတိုက်လိုက် တာနဲ့ဘီလူးကြီးနေတဲ့ဂူရှေ့ကလင့်စင်မှာတစ်နှစ်လောက်ကြာသွားတာပေါ့.။ ကြာတော့..မဖြစ်တော့ဘူးဘီလူးကြီးသေပြီထင် ပါရဲ့ဘာပဲဖြစ်ဖြစ် ဒီနီးနားနဲ့ခပ်လှမ်းလှမ်းကို သွားပြီးဘီလူးကြီးအခြေအနေစုံစမ်းမှာ ဖြစ်မယ်ဆိုပြီးတောကြီးထဲတောင်ကြော တစ်ခုကိုဖြတ်လိုက်တော့ စီးတန်းနေတဲ့စိုက်ခင်းလေးတွေနဲ့သပ်ရပ်လှပတဲ့ တဲကလေးတစ်လုံးကိုတွေ့ရတယ်...။ “ဘယ်လိုလူတွေများဒီတောထဲနေပါလိမ့်”ဆိုပြီးတဲထဲကိုဝင်ကြည့်လိုက်တော့ မုဆိုးကြီးကိုမြင်လို့အံ့သြထိတ်လန့်နေတဲ့ဘုရင်သမီးတော်ကိုအံ့သြစွာတွေ့ လိုက်တယ်။သမီးတော်ရဲ့နှုတ်မှလည်း..“ဘီလူးကြီး..ဘီလူးကြီး”ဆိုပြီး မုဆိုးကြီးကိုကြည့်အော်တော့မုဆိုးကြီးကစိတ်ဆိုးပြီး..“ငါ..ဘီလူးမဟုတ် ဘူး..ဘီလူးကိုဖမ်းတဲ့မုဆိုးကျော်ဦးမဲ..ဘုရင့်သမီးတော်ကိုလာကယ်တာ သမီးတော်ကဒီမှာဘာဖြစ်နေတာလဲ..”မေးတော့...သမီးတော်လေးဟာသူ့ကို ဘီလူးကြီးဖမ်းပြီးတောထဲမှာ စားမယ်လုပ်တော့ပရိယာယ်နဲ့..“ကျွန်မကို စားနိုင်ပါတယ်..ဒါပေမယ့်ကျွန်မဥပုသ်တစ်ပတ်စောင့်ထားပါတယ်...တစ် ပတ်ပြည့်မှစားပါရှင်လည်းကုသိုလ်ရပါတယ်”ဆိုတော့ဘီလူးကြီးဟာဘုရင့် သမီးတော်ကိုမစားဘဲတစ်ပတ်စောင့်ကြည့်နေတယ်။အဲဒီတစ်ပတ်အတွင်း မှာမင်းသးမီးလေးရူပနန္ဒီဟာအသားမစားဘဲအသီးအရွက်တွေပဲရှာဖွေစား တာပေါ့။ညရောက်တော့ဘီလူးကြီးဟာသူ့သွားတွေယားပြီးနာလာကိုက်လာ လို့အော်ညည်းတော့ရူပနန္ဒီက“အသားတွေချည်းစာတော့သွားပိုးစားပြီး ခုလိုအော်နေရတာပေါ့..ကျွန်မလိုအသီးအရွက်တွေစားပါ လားသွားပိုးမစားဘူးသွားမကိုက်ဘူး”ဆိုတော့ဘီလူးကြီး အသီးအရွက်တွေ စားရာကသူ့အစွယ်တွေဟာ ကျိုးကျသွား တယ်။ရူပနန္ဒီဟာဝမ်းးသာအားရ“ဒါသက်က်လွတ်စားလို့ အစွယ်ကျိုးတာတရားနာပါလား ဒါဆိုလူဖြစ်သွားလိမ့်မယ် ဆိုပြီးနေ့တိုင်းတရားပြတယ်။ညတိုင်းဘုးရားရှိခိုးခိုင်းတော့ ဘီလူးကြီးဟာ လူလုံးလုံးဖြစ်ပြီး သူတစ်ပါးအသက်ရှာဖွေမ သတ်စားတော့ဘဲဥယျာဉ်ခြံစိုက်တယ်။ခူးစားတယ်။ရူပနန္ဒီ ကိုလည်းနှမလေးလိုပြုစုစောင့်ရှောက်ပြီး ခုလိုတဲနဲ့ထားပါ တယ်။လာကယ်တဲ့သူရှိရင်လည်းပြန်ပို့ပေးမယ်ပြောပါတယ်။ ဆိုတော့မုဆိုးကြီးဟာငါဘုရင့်သမီးတော်ကိုအသက်ရှင်လျှက် နဲ့ဘုရင့်ထံပြန်ပို့ရမှာမို့အသပြာငါးသောင်းရပြီဆိုပြီးထခုန် တာပေါ့...ထိုအခါရူပနန္ဒီ...“မုဆိုးကြီး..ခုဘီလူးကလူဖြစ်ပြီး ရှင့်မျက်နှာကလောဘ ဒေါသ မောဟ လွှမ်းပြီးတစ်ကိုယ်လုံး ဝဲနာ ယားနာ ကုပ်ရာတွေနဲ့မည်းညစ်ညှီနံပြီးနေလို့ဘီလူးပုံထွက်နေတယ်။ ဒါတောင်ခုထိလောဘထွက်တုန်းပါလား” ဆိုတော့မုဆိုးကြီး ဟာသတိရပြီး..“ဟုတ်သားပဲ ငါလောဘ ဒေါသ မောဟတွေကြောင့် ဘီလူးကြီးကိုသတ်လိုမှုနဲ့သားကွဲမယားကွဲဖြစ်နေတာ တစ်နှစ် ကျော်ပြီ။ငါ့ရုပ်လည်း ဘီလူးပုံထွက်ပြီးဒီလိုဘဝမျိုးနဲ့ရမယ့်ဆုတော်ငွေကို ဘုရားကျောင်းကန်လှူဒါန်းမှဖြစ်မယ်” တွေးရင်းရူပနန္ဒီကို ဘီလူးကြီးဘယ်မှာလဲဆိုတော့ဟိုဝေးဝေးကနေဝါးကျည်တောက်နဲ့တောင်ကုန်းတွေကိုကျော်ဖြတ်ပြီးရေခပ်လာတဲ့လူကိုပြတယ်။ထို သူဟာ...“သတ္တဝါအများအေးချမ်းကြပါစေ ရောဂါကင်းဝေးကြပါစေ မေတ္တာတရားထားနိုင်ပါစေ”နဲ့ဆုတောင်းမေတ္တာပို့လို့... အနားရောက်ရုပ်ဆိုးပေမယ့် သိမ်မွေ့တဲ့အပြုအမူကြင်နာတဲ့ မျက်လုံးမေတ္တာတရားထားတဲ့ မျက်နှာနဲ့လူတစ်ဦးဖြစ်နေတယ်..ရူပနန္ဒီဟာ “ဒါဘီလူးကြီးပါပဲ”ဆိုတော့ထိုသူက...“ခုချိန်ကျုပ်ကိုသတ်လိုကသတ်ပါ..ကျွန်တော်လည်းသူ့ကိုကယ်မယ့်လူကိုမျှော်နေတာပါ”ဆိုတော့ မုဆိုးကြီးကခေါ်သွားလိုကြောင်းပြောရာ..“ကဲငါ့နှမလိုက်သွားပေရော့ဘုရင်ကြီးလည်းမျှော်လှပေါ့...ကံမကုန်ရင်ပြန်ဆုံကြသေးတာ ပေါ့”ဟုဆိုကာနေပြည်တော်ပြန်ရမည့် မုဆိုးကြီးလက် ဘုရင့်သမီးတော်လေးကိုထည့်ပေးရင်းသူကတော့...“သတ္တဝါများအေးချမ်းကြပါ စေရောဂါကင်းဝေးကြပါစေ မေတ္တာတရားထားနိုင်ပါစေ”ဆိုတဲ့ဆုတောင်းမေတ္တာစာကို အကြိမ်ကြိမ်ရွတ်ဆိုရင်းထိုစိုက်ခင်းထိုတဲလေး ထဲမှာကျန်ရစ်ခဲ့တော့တယ်...။ ကိုစိုးသိန်း ကော့သောင်း

Friday, September 5, 2014

သရဲဆိုသည်မှာ

တနင်္ဂနွေကျောင်းပိတ်ရက်တစ်ညနေခင်းမှာမောင်လှဟာသူနဲ့စာအတူတူ ကျက်နေကျမောင်ငှက်ရိုးကို စောင့်နေတယ်။အရင်ကဆို နေ့လည်သုံး နာရီက ညနေခြောက်နာရီထိ မောင်လှတို့အိမ်ကို မောင်ငှက်ရိုးလာပြီး စာအတူ ကျက်နေကျ..ဒီနေ့နေ့လည်လေးနာရီထိုးတဲ့အထိ ငှက်ရိုးမလာ တော့မောင်လှအပြင်ထွက် စာအုပ်ငှားမယ်အလုပ် မောင်ငှက်ရိုးရောက် လာတယ်။“သူငယ်ချင်းရေ...ဒီနေ့တောင်ပိုင်းကအဘွားအိမ်မှာဆွမ်းကျွေး လို့ငါမနေ့ညတည်းကအလုပ်တွေကူလုပ်ပေးရပြီး ခုပြီးတော့လည်းစားပွဲ သိမ်းရ...အိုးတိုက်ပေးရနဲ့မင်းဆီစာလာကျက်ဖို့နောက်ကျသွားတယ်ကွာ ဒါထက်မင်းတို့အိမ်မှာလည်း မင်းအဖေအမေတို့မတွေ့ပါလား” “သူတို့ လည်းမြောက်ပိုင်းကဦးလေးအိမ်သွားကြတာ။ညကျမှပြန်လာမယ်တဲ့... သရဲဆိုတာ် တို့နှစ်ယောက်လွတ်လွတ်လပ်လပ်စာကျက်ကြတာပေါ့” “ကောင်းတာ ပေါ့ကွာကျောင်းကပေးတဲ့အိမ်စာတွေမှတ်လိုက်တွက်လိုက်နဲ့ငါးနာရီထိုး တော့မောင်လှအိမ်ကိုကျောင်းနေဖက်သူငယ်ချင်းမောင်တိုးထပ်ရောက် လာတယ်။ “မောင်တိုးအိမ်ကိုမလာစဖူးအလာထူးလို့ ဘာကိစ္စလဲကွ” ဘာကိစ္စမှမဟုတ်ပါဘူး..ဒီနေ့ကျောင်းပိတ်ရက်ရုပ်ရှင်သွားကြည့်မလို့ အမေ့ကိုပြောတာမကြည့်ရဘူးပြောလို့ သွားကြည့်မှာပဲလို့ပြန်အော်ခဲ့ပြီး ထွက်ခဲ့တာရုပ်ရှင်ရုံရောက်တော့” “ရုပ်ရှင်ရုံရောက်တော့” အိတ်ကပ်ထဲ ကပိုက်ဆံကျပျောက်သွားတော့ရုပ်ရှင်မကြည့်ရလို့စိတ်ညစ်ညစ်နဲ့မင်းတို့ ဆီိလာခဲ့တာကွ”ထိုအခါမောင်လှက..“ဒါဆိုအတော်ပဲတို့လည်းစာကျက် ပြီးပြီ..ပုံပြောကြမယ်”ဆိုတော့မောင်တိုးက“ပုံပြောတာရိုးနေပြီ သူရဲ အကြောင်းပြောမယ်”ဆိုပြီးသူသရဲစ တွေ့ခဲ့ပုံကိုပြောပါလေရော... “ငါတို့ကသရဲဆိုတာ ကြောက်စရာထေင်နေတာ...ခုတွေ့တော့သနားစရာသတ္တဝါတစ်ကောင်ပဲ ဟားဟားဟားကျက်သရေမရှိ ပါဘူးကွာ...”မောင်လှရယ်ပြောတာကိုသရဲက“တကယ်လည်းသနားစရာကောင်းပါတယ်ကြောက်စရာလုံးဝမကောင်းပါဘူး။ လု့ဘဝတုန်းကငါးပါးသီလတောင်မလုံမိုက်မဲဆိုးသွမ်းပြီးထောင်ကျသေရတဲ့ကျွန်တော်...တိရစ္ဆာန်လောက်မသားနားတဲ့သရဲ ဘဝနဲ့ခုလိုမကျွတ်မလွတ်ဖြစ်နေတာ...ခလေးတို့ပြောတဲ့မျက်လုံးကတီဗီစလောင်းလောက်၊လျှာကအိမ်တစ်လုံးလောက်ဆိုပြီး ကြားတာနဲ့လန့်နေတုန်းခွေးကအဟောင်မင်းတို့ကထွက်အကြည့်နဲ့ငါ့ကိုတွေ့တာကွ...” ထိုအခါမောင်လှက“ဒီအိမ်နားကိုဘယ် လိုဖြစ်ပြီးရောက်လာတာလဲ” ”အမှီတစ်ယောက်နဲ့ကပ်ပါပြီးရောက်လာတာပေါ့” ဒါဆိုဒီငှက်ရိုးနဲ့လား” မောင်လှငှက်ရိုးကိုလက် ညှိုးထိုးပြီးသရဲလေးကိုမေးရာ..“ဟာ..ဒီခလေးကဆယ်ပါးသီလခံယူပြီးမနက်ကအဖွားအလှူကိုညီတဲ့သူတော်ကောင်းငါက ကပ်ပြီးလိုက်လို့ရပါ့မလား” “ဒါဆို..မောင်တိုးနဲ့ကပ်ပါလာတာလား”မောင်လှမောင်တိုးကိုလက်ညှိုးထိုးပြီးမေးရာ...“ဟုတ်တယ် ..ဒီကောင်စောစောကသူ့အမေကိုပြန်ပြောရန်ပြုလူမိုက်လုပ်နေလို့ဘုန်းနိမ့်နေတဲ့ကောင်..ဒီကောင့်နောက်မှာကပ်ပြီးလိုက်လာ တာ..ငါ့ကိုသနားပါ..ငါကျွတ်လွတ်အောင်အမျှအတန်းဝေပေးပါကွာ”ထိုအခါငှက်ရိုးက“ငါမနက်ကအဖွားဆွမ်းကျွေးမှာဆယ်ပါး သီလခံယူပြီးတရားနာတာမ်းကောင်းမှုသတ်မှတ်ပြီးဝမ်းမြောက်ဝမ်းသာသာဓုခေါ်ပါကွာအမျှ...အမျှ...အမျှ....လို့ဆိုလိုက်တော့ ကျက်သရေကင်းမဲ့တဲ့သရဲလေးဟာ“သာဓု...သာဓု...သာဓု”သုံးခါ ဝမ်းမြောက်ဝမ်းသာဆိုပြီး ပျောက်သွားရော..“သရဲလေး ပျောက်သွားပြီ သူကျွတ်သွားပြီပေါ့..”မောင်လှအံ့သြတကြီးပြောနေစဉ်မောင်တိုးက“ဟယ်..ငါ့အမေကိုပြန်အော်ရန်လုပ်လို့ ဘုန်းနိမ့်ပြီးသရဲကပ်လာတယ်၊နောင်မိဘစကားနားထောင်တော့မယ်”မောင်လှလည်း..“ငါလည်းသရဲဆိုမကြောက်တော့ဘူး.. တို့ထက်ဘုန်းနိမ့်တဲ့ကောင်..တို့မိဘစကားနားထောင်ကောင်းတာလုပ်ရင်သူမကပ်ရဲဘူးပေါ့”ထိုအခါငှက်ရိုးက“ကဲ...မင်းတို့ ညာပြောတဲ့သရဲက ကြောက်စရာကောင်းပြီး တကယ့်သရဲ့သနားစရာဆိုတာ ကိုယ်တွေ့ကြုံပြီမဟုတ်လား..ဟား...ဟား” “ငါမနေ့က...ရုပ်ရှင်ရုံအသွားစပါးဂိုဒေါင်ကြီးရှေ့နားမှာသရဲကြီးတွေ့တယ်။သရဲကကြီးလိုက်တာ..ငါ့ကိုလျှာထုတ်ပြတာ..လျှာကတင် ဖျာတစ်ချပ်လောက်ရှိမယ်။မျက်လုံးကြီးတွေကလည်းလင်ပန်းလောက်ရှိတယ်ကွ...ငါ့မှာကြောက်ပြီးပြေးလိုက်ရတာ” မောင်တိုးသရဲ တွေ့ပုံပြောနေတာမောင်လှကြားတော့ညာမှန်းသိနေတယ်။သူတွေ့ခဲ့တဲ့စပါးဂိုဒေါင်ဆိုတာညဆိုကွမ်းယာဆိုင်၊လက်ဖက်ရည်ဆိုင် တွေနဲ့စည်ကားနေတာ။ဒါပေမယ့်မောင်လှကယုံသလိုလုပ်ပြီး..“ငါလည်းအရင်တစ်ပတ်ကကစားကွင်းထဲမှာသရဲတစ်ကောင်ကိုတွေ့ တာမင်းသရဲထက်ကြီးတယ်ကွာ။သူ့လျှာကြီးကအိမ်တစ်လုံးလောက်ရှိတယ်..အဲမျက်လုံးကြီးမှာတီဗီစလောင်းလောက်ကြီးတယ်ကွာ.. မျက်လုံးကြီးကနီကြောက်လိုက်တာ..ဒါပေမယ့်ငါကရဲဆေးတင်ပြီးကျောက်ခဲနဲ့ပေါက်တော့သရဲကြီးပြေးလိုက်တာကွာ” မောင်လှ ပြောတာကငှက်ရိုးကိုစိတ်ဝင်စားစေပြိးကြောက်သလိုလိုဖြစ်နေပေမယ့်မောင်တိုးကတော့မြွေမြွေခြင်းခြေမြင်ဆိုသလိုသူလည်း ညာ ပြေတာမှန်း သိနေနတယ်။မောင်လှသူသရဲတွေ့ပုံပြောပြီးတော့ငှက်ရိုး က “မင်းလည်းပြောလေ”ဆိုတော့“ငါကမတွေ့ဖူးပါဘူးကွာ..ခုအဖွား ဆွမ်းကျွေးမှာဆယ်ပါးသီလခံယူထားတာတကယ်ပြောတာပါပြောရင်း ဆိုရင်းအိမ်ရှေ့ကခွေးဟောင်သံကြားလို့ဧည့်သည်ထင်ပြီးမောင်လှတံခါး ဖွင့်လိုက်တော့...ကြောင်လိုလိုခွေးလိုလို မည်းမည်းမျက်လုံးပြူးလေးနဲ့ သတ္တဝါလေးဟာ မိုးမိလို့သေတော့မယ့်ကျီးကန်းလို မည်းမည်းပြူးပြူး လေးမို့မောင်လှက“ဟ..ဘာလေးလဲ ဘာသတ္တဝါလဲ”ဆိုတော့” “ကျွန်တော်သရဲပါ”တဲ့ထိုအခါမှမောင်လှတို့သူငယ်ချင်းသုံးယောက်သရဲ ကိုကြည့်ပြီးခွက်ထိုးခွက်လန်ရယ်ကြတာပေါ့။သူတို့အထင်သူတို့ညာပြော တာ“သရဲဆိုတာကြီးကြီးမားမားကြောက်စရာ”ခုတွေ့တော့ကြောင်နက် စုတ်လိုလိုကျီကန်းစုတ်လိုလို အကောင်သေးသေး သနားစရာ... “ငါတို့ကသရဲဆိုတာ ကြောက်စရာထင်နေတာ...ခုတွေ့တော့သနားစရာ ငါတို့ကသရဲဆိုတာ ကြောက်စရာထေင်နေတာ...ခုတွေ့တော့သနားစရာသတ္တဝါတစ်ကောင်ပဲ ဟားဟားဟားကျက်သရေမရှိ ပါဘူးကွာ...”မောင်လှရယ်ပြောတာကိုသရဲက“တကယ်လည်းသနားစရာကောင်းပါတယ်ကြောက်စရာလုံးဝမကောင်းပါဘူး။ လု့ဘဝတုန်းကငါးပါးသီလတောင်မလုံမိုက်မဲဆိုးသွမ်းပြီးထောင်ကျသေရတဲ့ကျွန်တော်...တိရစ္ဆာန်လောက်မသားနားတဲ့သရဲ ဘဝနဲ့ခုလိုမကျွတ်မလွတ်ဖြစ်နေတာ...ခလေးတို့ပြောတဲ့မျက်လုံးကတီဗီစလောင်းလောက်၊လျှာကအိမ်တစ်လုံးလောက်ဆိုပြီး ကြားတာနဲ့လန့်နေတုန်းခွေးကအဟောင်မင်းတို့ကထွက်အကြည့်နဲ့ငါ့ကိုတွေ့တာကွ...” ထိုအခါမောင်လှက“ဒီအိမ်နားကိုဘယ် လိုဖြစ်ပြီးရောက်လာတာလဲ” ”အမှီတစ်ယောက်နဲ့ကပ်ပါပြီးရောက်လာတာပေါ့” ဒါဆိုဒီငှက်ရိုးနဲ့လား” မောင်လှငှက်ရိုးကိုလက် ညှိုးထိုးပြီးသရဲလေးကိုမေးရာ..“ဟာ..ဒီခလေးကဆယ်ပါးသီလခံယူပြီးမနက်ကအဖွားအလှူကိုညီတဲ့သူတော်ကောင်းငါက ကပ်ပြီးလိုက်လို့ရပါ့မလား” “ဒါဆို..မောင်တိုးနဲ့ကပ်ပါလာတာလား”မောင်လှမောင်တိုးကိုလက်ညှိုးထိုးပြီးမေးရာ...“ဟုတ်တယ် ..ဒီကောင်စောစောကသူ့အမေကိုပြန်ပြောရန်ပြုလူမိုက်လုပ်နေလို့ဘုန်းနိမ့်နေတဲ့ကောင်..ဒီကောင့်နောက်မှာကပ်ပြီးလိုက်လာ တာ..ငါ့ကိုသနားပါ..ငါကျွတ်လွတ်အောင်အမျှအတန်းဝေပေးပါကွာ”ထိုအခါငှက်ရိုးက“ငါမနက်ကအဖွားဆွမ်းကျွေးမှာဆယ်ပါး သီလခံယူပြီးတရားနာတာမ်းကောင်းမှုသတ်မှတ်ပြီးဝမ်းမြောက်ဝမ်းသာသာဓုခေါ်ပါကွာအမျှ...အမျှ...အမျှ....

Thursday, September 4, 2014

ဟိုးရှေးရှေးတုန်းက“ဘောဂရွှေပြည်”တိုင်းပြည်မှာ”မာလာသိင်္ဂီ”ဆို တဲ့ဘုရင့်သမီးတော်လေးတစ်ပါးရှိတယ်။သူဟာငယ်စဉ်အရွယ်ကအထိန်း တော်ကြီးဒေါ်ရွှေစာညအိပ်ယာဝင်ပြောပြောပြတဲ့ပုံပြင်လေးတစ်ပုဒ်ကို အရွယ်ရောက်တဲ့အထိ စိတ်ထဲစွဲနေတယ်။အဲဒီပုံပြင်လေးကိုလည်းငယ်စဉ် ကကောင်းလွန်းလို့အထိန်းတော်ကြီးကို ခဏခဏပြောခိုင်းတာပေါ့။ အဲဒီ အခါအထိန်းတော်ကြီဟာ မာလာသိင်္ဂီလေးကိုရင်ခွင်ထဲပွေ့ပြီး“ဟိုးရှေး ရှေးတုန်းက လူသူမနီးတဲ့တောစပ်လေးမှာ ရသေ့ကြီးတစ်ပါး ဝါးတဲလေး ထိုးလို့ကျောင်းသင်္ခမ်းအဖြစ် သတ်မှတ်ပြီးတရားထိုင်တယ်။သူ့ကျောင်း သင်္ခမ်းဘေးမှာ ချောင်းလေးတစ်ခုစီးဆင်းနေတယ်ကွဲ့။နွေနဲ့ဆောင်းမှာ ချောင်းလေးဟာရေစပ်စပ်ပဲရှိပေမယ့်မိုးအခါမှာတော့အနောက်တောင်ကျ ပုံပြင်ထဲကဒဏ္ဍရီ် ရေကြောင့်ရေတွေဟာ တဟုန်ထိုးစီးဆင်းပြီး ချောင်းရေလျှံအထိပဲ တဲ့။အဲဒီအခါ အနောက်တောင်က ဝါးတွေသစ်လုံးတွေပါ မျောပါလာတာ ပေါ့။မိုးရာသီတစ်နေ့ချောင်းထဲကိုအနောက်တောင်ကနေတောင်ကျရေ နဲ့အတူသစ်တုံးကြီးတစ်တုံးမျောလာတယ်။သစ်တုံးကြီးပေါ်မှာ မြွေတစ် ကောင်ရယ်ကျေးသားလေးတစ်ကောင်ရယ်လူတစ်ယောက်ရယ်ပေါ့...လူ သားက“ကယ်ကြပါ..ကယ်ကြပါ“အော်သံကြောင့်ရသေ့ကြီးဟာကျောင်း သင်္ခမ်းကထွက်ပြီးကြည့်လိုက်တဲ့အခါထိုသတ္တဝါသုံးဦးကိုတွေ့လို့ဆယ်ရ တာပေါ့။မိုးရိုက်လေရိုက်ထားလို့သတ္တဝါသုံးဦးစလုံးဟာ ခိုက်ခိုက်တုန် အောင်ချမ်းပြီးမကြာခင်အအေးဒဏ်ကြောင့်သေဆုံးတော့မယ့်ပုံသဏ္ဍန် ဖြစ်နေလို့ရသေ့ကြီးဟာအလျင်အမြန်မီးဖိုပြီးသတ္တဝါသုံးဦးကို မီးလှုံပေး စေတယ်။ကျောင်းသင်္ခမ်းထဲဝင်ပြီး နွေးနွေးထွေးထွေးဖြစ်အောင် နန်းဆောင်ကိုငှက်ကလေးတစ်ကောင်အတောင်မှာဒဏ်ရာရပြီးကျလာတယ်။မာလာသိင်္ဂီလေးဟာငှက်ကလေးကိုအသာဖမ်းပြီး “ဒါ..ခြေနှစ်ချောင်းနဲ့နားရွက်တိုဆိုတဲ့လူတွေ လေးခွနဲ့ပစ်လို့ငါ့အဆောင်ကျလာတာတော်တော်အကြင်နာမဲ့တဲ့နားရွက်တိုတွေ။ တစ်နေ့ငါ့ကိုပြန်အကျိုးပေးမယ့်ငှက်ကလေးအစာကောင်းကောင်းကျွေးပြီးမွေးရမယ်”ဆိုပြီးငှက်ကလေးကိုလှောင်ချိုင့်လေးနဲ့ မွေးလို့အနာကိုဆေးထည့်လို့သစ်သီးတွေကိုနေ့တိုင်းကျွေးလို့နဲ့မာလာသိင်္ဂီလေးအလုပ်ရှုပ်နေတာပေါ့။ငှက်ကလေးကတော့သူ့ အနာပျောက်အောင်အတောင်ပြန်ကောင်းလာတော့ သူ့သဘာဝတောတောင်ထဲပျံသန်းချင်တာပေါ့။ လှောင်ချိုင့်ထဲမှာဘယ် ပျော်မလဲ။အဲဒီအချိန်မှာ အထိန်းတော်ဒေါ်ရွှေစာဟာမိန်းမပျိုလေးတစ်ဦးကိုခေါ်လာပြီးမာလာသိင်္ဂီကို“ဒါ...ခတ္တာရွာကသူလေး ပါ။သူ့မိဘနှစ်ပါးရေနစ်သေလို့ခိုကိုးရာမဲ့ဖြစ်လို့ဒေါ်ရွှေစာခေါ်လာတာ။ထိပ်ထားလေးခိုင်းချင်ရာခိုင်းပါ”ဆိုတော့မာလာသိင်္ဂီဟာ ထိုရွာသူလေးကိုကြည့်ပြီး“ “ထိပ်ထားခြေနှစ်ချောင်းနဲ့နားရွက်တိုတို့ကိုမကယ်ချင်ဘူးဒေါ်ရွှေစာပုံပြင်ထဲကလိုတစ်နေ့ကိုယ့်ကို ရန်ပြုမှာကြောက်တယ်” “ထိပ်ထားလေးရယ်...ဒီတောသူလေးကိုထိပ်ထားမွေးထားတဲ့ငှက်ကလေးကိုပြုစုစောင့်ရှောက်ခိုင်း ပေါ့။ထိပ်ထားကိုရန်မပြုပါဘူး။ဒေါ်ရွှေစာတာဝန်ယူပါတယ်”သူ့နာမည်က“သူဇာ”တဲ့။ဒီလိုနဲ့သူဇာဟာငှက်ကလေးကိုအစာကျွေး ရေတိုက်တာဝန်ယူရတာပေါ့။မာလာသိင်္ဂီကတော့သူဇာ့ကိုခြေနှစ်ချောင်းနဲ့နားရွက်တိုမို့ပြုံးပြုံးရွှင်ရွှင် မဆက်ဆံဘူး။ခပ်တည် တည်နေတယ်။ သင်္ကန်းဟောင်းတွေယူပြီး ခြုံပေးတယ်၊အစာရေစာကျွေးတယ်။အဲဒီအခါမှ ရသေ့ကြီးဟာအကောင်ငယ်တဲ့ ကျေးသားလေးကို ပထမဦးဆုံးအစာကျွေးပြီး၊ဒုတိယအဖြစ်မြွေကလေး၊တတိယကတော့လူသားကိုပေါ့။အဲဒီလိုကျွေးမွေးတဲ့အခါ လူသားဟာသူ့ကိုနောက် ဆုံးမှအစာကျွေးလို့မကျေမနပ်ဖြစ်နေတဲ့ဟန်တွေပေါ်နေတယ်။ရသေ့ကြီးကတော့ အမှတ်တမဲ့ပေါ့။ဒီလိုနဲ့ ကျေးသား၊မြွေ၊လူတို့ဟာ ကျောင်းသင်္ခမ်းမှာသုံးရက်ခန့်အနားယူပြီးနေကောင်းတဲ့အခါသူတို့ဠာနကိုအသီးသီးပြန်သွားကြတာပေါ့။ခြောက်လခန့်ကြာတဲ့အခါ... ရသေ့ကြီးဆီကို ကျေးသားလေးဟာသူတောထဲမှာ စုဆောင်းထားတဲ့သလေးစပါးတွေနဲ့လာကန်တော့တယ်။တကယ်တော့သူဟာ အ နောက်ရိုးမတောမှာ ကျေးဘုရင်လေးပေါ့။မြွေကလေးကလည်း သူ့မြွေတွင်းထဲသိုဝှက်ထားတဲ့ကျောက်သံပတ္တမြားတွေလာကန်တော့ တယ်။သူလည်းရိုးမတောမှာ မြွေဘုရင်လေးပါပဲကွယ်။ဒီလိုနဲ့တစ်နေ့မှာ ရသေ့ကြီးကို နန်းတော်ကခြေမြန်တပ်သားတစ်ဦးရောက်လာ ပြီးဘုရင်ကဆင့်ခေါ်တယ်ဆိုတော့ရသေ့ကြီးလိုက်သွားရတာပေါ့။ရွှေနန်း တော်ရောက်တော့ ဘုရင်လေးကသူကယ်ခဲ့တဲ့ လူသားဖြစ်နေတယ်။ ရသေ့ကြီးဟာ ဝမ်းသာအားရ ကျေးတောသားတို့၊မြွေတို့လည်း လာ ကြောင်းပြောတော့ ဘုရင်လေးဟာ...“ဒီမှာရသေ့ကြီး...ရသေ့ကြီးဟာအဲ ဒီတုန်းက တိရစ္ဆာန်ဖြစ်တဲ့ကျေးသား၊မြွေတို့ကိုဦးစားပေးအစာကျွေးပြီး ငါ လိုလူသားဖြစ်တဲ့ ဘုရင်ကိုနောက်မှအစာကျွေးပြုစုလို့ အမျက်တော်ရှိ တယ်“ကွပ်မျက်စေ”ဆိုပြီးအမိန့်ချမှတ်လိုက်တော့တယ်။ရသေ့ကြီး ကား စင်တင်ခံရတာပေါ့။ထိုအခါမှ...ရသေ့ကြီးဟာ“ခြေနှစ်ချောင်းနဲ့နားရွက် တိုကို ငါကယ်ခဲ့လို့ခုလိုဒုက္ခဖြစ်ရတာပဲ”ဆိုပြီးနောင်တတွေ ရတာပေါ့။ မာလာသိင်္ဂီလေးဟာကလေးဘဝပုံပြင်ကို စ ကြားကတည်းကရသေ့ ကြီးကိုသနားပြီးငိုခဲ့တာ“ခြေနှစ်ချောင်းနဲ့နားရွက်တို”ဆိုတဲ့လူတွေကိုမယုံ ခဲ့တာ အခုအရွယ်ရောက်တဲ့အထိပဲပေါ့။ တစ်နေ့ မာလာသိင်္ဂီလေးရဲ့ တစ်နေ့သူဇာလေးဟာမာလာသိင်္ဂီလေးကို“ငှက်ကလေးကအစာမစာဘူးထိပ်ထားလေး” သူ့ကိုဘာကျွေးလို့လဲ” “ပဲလှော်” “ဘာ..ဒီလောက်မာတဲ့ပဲလှော်ငှက်ကလေးက ဘယ်စားပါ့မလဲ။ဒီလိုလုပ်သူအတောင်ညောင်းနေတယ်ထင်ပါ့။လှောင် ချိုင့်ထဲကထုတ်ပြီးသူဇာဟာပဲလှော်ကိုကြေညက်အောင်ဝါး၊လျှာပေါ်ပဲဝါးဖတ်တင်ပြီး သူ့ကိုယ်ကိုလက်နဲ့ကိုင်ပြီးယုယုယယခွဲ့ ကျွေး...ကြား”သူဇာဟာမာလာသိင်္ဂီပြောသလိုပဲလှော်ကိုဝါး..ဝါးဖတ်ကိုလျှာပေါ်တင်၊ငှက်ကလေးကိုလှောင်ချိုင့်ကထုတ်ပြီးခွံ့ ကျွေးတော့အလစ်ချောင်းနေတဲ့ငှက်ကလေးသူဇာ့လျှာကိုထိုးဆိတ်ပြီးလက်ထဲကနေရုန်းထွက်ရင်းအဝေးကိုပျံပြေးကာပေါ့။ဒါကို မာလာသိင်္ဂီမြင်တော့..“မိသူဇာ..သိပ်ပေါ့ဆတာပဲ။ဒီငှက်ကိုမိအောင်ဖမ်း..မဖမ်းနိုင်ရင်ကြီးမားတဲ့အပြစ်ဒဏ်ပေးမယ်”သူဇာ လေးလည်းငှက်ဆိတ်လို့လျှာအနာတရဖြစ်သွားတာကိုဂရုမစိုက်နိုင်ဘဲငှက်ကလေးပျံရာပြေးပြီးဖမ်းရတာပေါ့။မာလာသိင်္ဂီလည်း သူ့ငှက်ကလေးပျံရာဝမ်းနည်းစိတ်နဲ့အလိုက်ခြုံတစ်ခုမှာ မြွေကလေးတစ်ကောင်၊လူတစ်ယောက်တုတ်နဲ့ရိုက်ခဲ့လို့မသေမရှင်ဖြစ် နေတာကိုမြင်တော့...“ဘယ်ကခြေနှစ်ချောင်းနဲ့ နားရွက်တိုကထုရိုက်သွားတယ်မသိဘူး၊ငါကယ်မှဖြစ်မယ်”ဆိုကာဒဏ်ရာရနေ တဲ့မြွေလေးကိုအကိုင်မြွေကမာလာသိင်္ဂီလက်ကိုဒေါသတကြီးသူ့ကိုရိုက်သွားသောသူအထင်နဲ့လှမ်းပေါက်လိုက်ရာ။“အယ်..မြွေ ကိုက်လို့ကယ်ပါဦး သူဇာမြွေပွေးလေး”မာလာသိင်္ဂီအနီးရှိသူဇာ့ထံအကူအညီတောင်းရာ သူဇာ့မှာ သူမှတ်သားထားသမျှ မာလာသိင်္ဂီမြွေကိုက်ရာလက်အပေါ်ကိုမြွေဆိပ်မတက်ရန်ဖိကိုင်ထားပြီး မြွေကိုက်ရာကိုဓါးနှင့်ခွဲမြွေဆိပ်ကို သူ့ပါးစပ်ယူပြီးထွေး ပစ်တယ်။ထိုအခါမှလာသိင်္ဂီဟာ“ခြေနှစ်ချောင်းနားရွက်တိုဖြစ်တဲ့မသူဇာလို လူမျိုးလည်းလူ့လောကမှာ ကျေးဇူးသိတတ်မှုရှိပါ လား”ဟုတွေးမိကာ...နောက်နေ့တွင်မာလာသိင်္ဂီမြွေဆိပ်ကင်းစင်သွားပြီဖြစ်လို့ဒေါ်ရွှေစာမှတဆင့်မြွေဆိပ် စုပ်ယူထွေးပစ်တဲ့ မသူဇာကိုသူကောင်းပြုရန်ဆင့်ခေါ်ခိုင်းရာဒေါ်ရွှေစာက“ညကပဲမသူဇာမြွေဆိပ်နဲ့ဆုံးသွားပါတယ်ဖရာ့” မြွေဆိပ်နဲ့ဟုတ်လား” ဒီလိုပါအဲဒီတုန်ကငှက်ကလေးသူ့လျှာကိုဆိတ်သွားလို့သွေးထွက်အနာဖြစ်နေတာ။ထိပ်ထားလက်ကမြွေပေါက်ရာကိုစုပ်တော့ မြွေဆိပ်ကလျှာကနေတစ်ကိုယ်လုံးပျံ့ပြီးဆုံးသွားတာပါဖရာ့” “ဖြစ်ရလေဒေါ်ရွှေဇာရယ်” မသူဇာဟာ သေကာနီးသူ့ထမင်းရှင် ထိပ်ထားလေးကိုအသက်ပေးကယ်ခဲ့ရလို့သေပျော်ပါတယ်ဆိုပြီးလေသံသဲ့သဲ့နဲ့ပြောသွားပါတယ်ဖရာ့”ထိုအခါမှစ၍မာလာသိင်္ဂီ ဟာပုံပြင်ထဲကတိရစ္ဆာန်တွေဟာကျေးဇူးသိတတ်၊တုံ့ပြန်တတ်ပေမယ့်အပြင်ကတိရစ္ဆာန်တွေကအသိဥာဏ်ကင်းမဲ့လို့ခြေနှစ် ချောင်းနားရွက်တိုလူတွေလောက်မေတ္တာစိတ်မရှိကြကြောင်းကိုကောင်းကောင်းကြီးသဘောပေါက်ကာမသူဇာအလောင်းကို ကောင်းမွန်စွာ သဂြိုလ်ပေးလိုက်သတဲ့ကွယ်....။

Wednesday, September 3, 2014

နောင် သံသရာ

တစ်ခါကသပြေလှရွာလေးမှာ စပါးပွဲစားလုပ်တဲ့ကိုလူလှဆိုတဲ့ သူဌေးလေး တစ်ဦးရှိတယ်။သူဟာစပါးပွဲစားအပြင်ရွာထဲမှာ အတိုးပေးစား။ရွှေပေါင် လည်းခံလို့ နှမအရင်းတောင်ငွေချေးလည်း အတိုးကိုသူများနည်းတူ ယူ တယ်။ပြီး အသောက်အစားကလည်းကင်းအအပျော်အပါးမမက်ဘဲချွေတာ တတ်တော့ချမ်းသာပြီပေါ့။ ဒါပေမယ့်သူသိပ်ချစ်တဲ့ဇနီး မယ်တင်ကိုတော့ ရွှေအပြည့်ဆင်လို့မြို့ပေါ်မှာ ဆန်းသမျှပေါ်သမျှဝတ်ကောင်းစားလှတွေ ဆင်ပေးပြီးအိမ်မှာ ဘာမှမလုပ်စေဘဲ အိမ်စေထားလို့ ခြေမွှေးမီးလောင် လက်မွှေးမီးမလောင်ထားတယ်။ရွာမှာငွေကြေးအခက်အခဲ ရှိကြရင် ကို လူလှကိုပဲအားကိုးကြတော့ကိုလူလှရဲ့စီးပွားရေးဟာဒီရေအလားတိုးတက် ပြီးရွာမှာ မနေရဲလောက်အောင်ဖြစ်သွားတယ်။ အဲဒီတုန်းက သပြေလှ နောင်သံသရာမှာ်ရွာကလေးဟာ မအေးချမ်းဘူး၊ဓါးပြတွေသောင်းကျန်းကြတာပေါ့၊ “ဟိုရွာကသူဌေးအိမ်ကို အရင်အပတ်ကဓါးပြတိုက် လူသတ်သွားတယ်” “ဒီရွာက သူဌေးအိမ်ကိုမနေ့ကဓါးပြတွေ လာတိုက်သွားတာ ကလေးနား ကပ်တောင်မချန်ဘူး”ဆိုတော့သူဌေးလေးကိုလူလှသူ့ဥစ္စာဓနတွေ ဓါးပြ တိုက်မှာကြောက်တာပေါ့။ ဒါနဲ့သပြေလှရွာကနေတိတ်တဆိတ်မြို့ပေါ် ကိုခင်မယားနှစ်ယောက်ပြောင်းပြေးကြတယ်။မြို့ရောက်တော့မြို့လယ် ခေါင်မှာခြံကြီးကြီးတစ်ခြံဝယ် အိမ်ကြီးရခိုင်ဆောက်ပြီးမယားကို အကျ အန ထားတာပေါ့။သူကတော့မြို့ပေါ်စ.ရောက်ကာစမို့မြို့ပေါ်က သူဌေး တွေစီးပွားရေးခွင်ကြားမတိုးနိုင်သေးတော့ သပြေလှရွာကိုပြန်ပြီး ယခင် နေခဲ့တဲ့အိမ်မှာ စပါးပွဲစားနဲ့ငွေတိုးချေးစားတဲ့ အလုပ်ကိုပြန်လုပ်ပြီး တစ် ပတ်တစ်ခါမြို့တက်မယားမယ်တင်ထံ ငွေထုပ်ပိုက်ပြန်ရတာပေါ့။ ဓါးပြသုံးယောက်ဟာ ကိုလူလှကိုကြိုးတုပ်ပြီး ရိုက်မေးပေမယ့်ကိုလူလှဟာ“ဘူး”ပဲခံတယ် မပြောဘူး။ဒီပစ္စည်းတွေ ဓါးပြလက်ပါ သွားရင်သူ့စီးပွားရေးပွန်းပဲ့သွာမှာ စိုးတာပေါ့။ဓါးပြတွေကလည်းကိုလူလှ“ဘူး”ံတာကိုစိတ်ဆိုးပြီး ရိုက်မေးလွန်းမက ရိုက်မေးရာ က လက်လွန်ပြီးသေသွားရော...ကိုလူလှသေသွားတော့ သူဖွက်ထားတဲ့သရက်ပင်ကြီးခြေရင်းကျောက်တုံးအောက်မှာ ရွှေငွေ အသပြာကိုစိတ်စွဲပြီး သရက်ပင်ကြီးမှာနာနာဘာဝအဖြစ်မကျွတ်မလွတ်ဘဲ ဖြစ်နေတာပေါ့။ယခင်လူ့ဘဝက ဘာမှမလှူတန်း ပိုက်ဆံရဖို့သာကြိုးစားပြီးအတိုးချေးစားခဲ့တော့လူ့ဘဝကိုပြန်မရောက်ဘဲနာနာဘာဝဘဝရောက်ရတာပါပဲနာနာဘာဝရောက်တော့” လည်းလူ့ဘဝကမယားဖြစ်ခဲ့တဲ့ မယ်တင်ကိုစိတ်စွဲပြီး“သပြေရွာကိုပြန်လာမှာပဲလာရင် ဒီလမ်းကဖြတ်လာရမှာပေါ့ လာလို့ကတော့ အတင်းဝင်စီးပြီး သူ့ဘဝလေးမုဆိုးမဘဝမှာ လူအောက်မကျအောင် ဒီသရက်ပင်နားကကျောက်တုံးအောက်မှာ ရွှေငွေတွေရှိတယ်၊ ဖော်ယူလို့ပြောရမယ်”ဆိုပြီးနာနာဘာဝအဖြစ်နဲ့မယ်တင်ကိုစောင့်ပေမယ့် မယ်တင်ကရွာကိုလုံးဝပြန်မလာဘူး နာနာဘာဝကြီးကို လူလှမှာလွမ်းနာကျရတာပေါ့...တစ်နှစ်ကျော်ကြာတဲ့အခါ နာနာဘာဝကြီးကိုလူလှမယ်တင်ကို လွမ်းလွန်းလို့သူနေတဲ့မြို့ကိုသွားပြီး မြို့စောင့်နတ်ကိုဝင်ခွင့်တောင်းလို့သနားသဖြင့် ဝင်ခွင့်ရတဲ့အခါ မယ်တင်နေတဲ့ခြံထဲဝင်မယ်လုပ်တော့ ခွေးဟောင်ပြီးဝင်လို့မရဘူး။ ခြံနဲ့မနီးမဝေးသစ်ပင်လေးအောက်မှာနေပြီး မယ်တင်ထွက်အလာကိုမျှော်နေတာပေါ့။ ခဏနေတော့ မယ်တင်ဟာ အပူအပင်မရှိ ဝတ်ကောင်းစားလှနဲ့ ထွက်လာတာမြင်တော့ကိုလူလှက“ငါကတော့သူ့ကိုလွမ်းလို့ခုလိုနာနာဘာဝကြီးဖြစ်တာတောင်ဒုက္ခခံလာလိုက် ရတာသူကတော့ငါ့မလွမ်းဘူးထင်ပါရဲ့လှလှပပဝတ်လို့စားလို့..ခုလိုမြင်ရတော့လည်း တစ်မျိုးကောင်းပါတယ်လေ။ ငါ့ဥစ္စာတွေနဲ့မပူ မပင်သူနေရတော့ငါစိတ်ချမ်းသာတာပေါ့”ဒါပေမယ့်ခဏအကြာ အိမ်ထဲမှလူရွယ်တစ်ယောက်ထွက်လာပြီး မယ်တင်ကိုပခုံးကိုင်၊မေး ကိုင်လုပ်နေတော့ နာနာဘာဝကိုလူလှဒေါသထွက်တာပေါ့၊ဒါပေမယ့်ဘာတတ်နိုင်မှာလည်း သူ့ဘဝကနာနာဘာဝမို့ကိုယ်ပိုင်ဖြစ်ခဲ့တဲ့ အိမ်ကိုတောင်ပြန်ဝင်လို့မရတဲ့ဘဝ။ကိုလူလှကသာ ဒေါသထွက်ပေမယ့်မယ်တင်ကတော့ ထိုသူကိုဒေါသမထွက်တဲ့အပြင် ထိုသူ့ကို အင်္ကျီသပ်ပေး ရင်ဘတ်ကိုမနာအောင်လက်သီးနဲ့ထုလို့ပြုံးပြုံးကြီးလုပ်နေတယ်။“ဒါ...ဘယ်သူလဲ၊ငါမရှိတုန်း ပိုင်စိုးပိုင်နင်းနိုင်လှ ချည်လား၊ငါ့ခြံငါ့အိမ်ပေါ်လာပြီး“ဟင်း...ဟင်း”ကိုလူလှဒေါသထွက်နေချိန်မှာ ထိုသူမှာမယ်တင်နဖူးကိုချစ်စနိုးထုပြီးထွက်သွားတယ်။ ခဏကြာတော့ခြံဘေးနားမိန်မတစ်ယောက်ထွက်လာပြီးမယ်တင်ကို“လင်သောတစ်နှစ်ပဲရှိသေးတယ် နောက်ယောကျာင်္း ယူပြီပေါ့” “တစ်ပင်လဲမူတစ်ပင်ထူတဲ့ သူလည်းပြန်လာမှာမှမဟုတ်တာ” မယ်တင့်စကားကြောင့်နာနာဘာဝကိုလူလှ ယူကြုံးမရဖြစ်ပြီးဒေါသ တွေထွက်လို့ပေါ့။ငိုလည်းငိုမိတာပေါ့တကယ်တော့မယ်တင်ပြောတာလည်းအမှန်ကိုး..ပြန်ပေါင်းလို့မှမရတဲ့ဘဝပဲ။ထိုစဉ်မိန်းမကြီးက “ဒါဆို..နင့်အရင်ယောကျာင်္းဆုံးတာ တစ်နှစ်ပြည့်တုန်းကဆွမ်းကျွေးတရားနာ မလုပ်ဘူးမဟုတ်လား၊အသေဆိုးနဲ့သူသေတာနော်... မကျွတ်မလွတ်ရင်ဒုက္ခကွယ်။သူရှာခဲ့တဲ့ဥစ္စာထဲက လှူပါဦး” “အို..လှူစရာလားသူသေတော့ သူပိုင်တဲ့ပစ္စည်းတွေသေတဲ့အထဲထည့် လိုက်ပြီခုကျန်တာ ကျွန်မဥစ္စာတွေသူနဲ့မဆိုင်တော့ဘူး” “ဟဲ့...သူသေတော့သူပိုင်တဲ့ပစ္စည်းတွေသေတဲ့အထဲထည့်လိုက်တယ်ဆိုတာ ဘာတွေလဲဟဲ့” “အို...သူ့မသာထုပ်ဖို့ဖျာစုတ်တစ်ချပ်၊ခါးမှာဝတ်ဖို့သူ့ရေလဲပုဆိုးတစ်ထည်၊ကိုယ်ပေါ်ဝတ်ဖို့ကအင်္ကျီကျောပြဲအစုတ် ဆုံးတစ်ခု...နောက်ပြီးသူ့ပါးစပ်ထဲလည်းပိုက်ဆံတစ်မတ်ထည့်ပေးလိုက်တယ်လေ။ အဲဒါသူပိုင်တဲ့ပစ္စည်းတွေပေါ့၊ခုနောက်ယောကျာင်္း ကကုန်ကူးချင်တယ်ဆိုလို့အိမ်နဲ့ခြံရောင်းပြီးအရင်းအနှီးလုပ်ပေးမယ်လေ...မကောင်းဘူးလား”မယ်တင်စကားကြောင့်နာနာဘာဝ ကိုလူလှယူကြုံးမရဖြစ်ကာငိုယိုမိတော့၏။နောင်တလည်းရမိ၏။“ငါ့မှာမလှူရက်မတန်းရက်သူလှဖို့သူနဲ့အတူ ကောင်းကောင်းနေဖို့ အရင်ဘဝကရှာခဲ့တာခုလိုဘဝခြားတော့ငါ့အတွက်ဘာမှမပါဘဲအလှူဒါနမရှိလို့နာနာဘာဝကြီးဖြစ်ရပြီပေါ့။ကိုယ့်တရားကိုယ်စီရင် တာပဲလေ”ကိုလူလှမှာဝမ်းနည်းပတ်လက်မျက်ရည်စက်ဖြင့်သူမှီတွယ်ရာသရက်ပင်ကြီးဆီပြန်သွားရတော့တယ်။တစ်လကြာတဲ့အခါ ခရီးဝေးမှကြွလှမ်းလာတဲ့ရဟန်းတစ်ပါးနာနာဘာဝကိုလူလှမှီတွယ်ရာသရက်ပင်နားရောက်တော့ခေတ္တခဏအပန်းဖြေရင်း...“ဒီနေ ရာဟာ လူခြေလည်းတိတ်တယ်တောရိပ်တောင်ရိပ်နဲ့ ငါကျောင်းသင်ခန်းဆောက်ပြီးတရားအားထုတ်ချင်လိုက်တာကျောင်းဆောက် ပေးမယ့်ဒကာပေါ်လာရင်သိပ်ကောင်းမှပဲ”ဟုတွေးရင်း သရက်ပင်ခြေရင်းခေတ္တခဏ ကျိန်းနေစဉ်နာနာဘာဝကိုလူလှဟာ“ဟန်ကျ တာပဲငါလူဘဝကဒီနားမှာမယားအလှအတွက် ဖွက်ထားတဲ့ရွှေငွေတွေကို ဒီရဟန်းကျောင်းသင်ခန်းဆောက်ဖို့အတွက် တူးဖော်ယူဖို့ အိပ်မက်ပေးမှဖြစ်မယ်။ဒါ...ငါ့ကုသိုလ်ပဲ”ဟုတွေးပြီး ရဟန်းအားအိပ်မက်ပေးရာ....ရဟန်းမှာလန့်နိုးပြီး အိပ်မက်ထဲမှာအတိုင်း ကျောက်တုံးကိုဖက်ပြီးတူးဖော်ကြည့်ရာရွှေငွေရတနာများတွေ့၍ကျောင်းသင်ခန်းဆောက်လုပ်ပြီးခရီးသွားများအတွက်နားခိုရာဇရပ် ရေချမ်းစင်နှင့်ရေတွင်းပါတူးလိုက်၍ခရီးသွားများအမောဖြေနိုင်ပြီးရဟန်းမှာလည်းကျောင်းသင်ခန်းဖြင့်တရားဘာဝနာအားထုတ် နိုင်ချိန်..နာနာဘာဝကိုလူလှမှာ ရဟန်းအား လှူဒါန်းရသောကုသိုလ်ကြောင့်ကျွတ်လွတ်သွားကာလူ့ဘဝဘုံ့ပြန်လည်ရောက်ရှိသွား တော့တယ်... ကာတွန်မိမန်းလေး(တောင်ငူ)